Instagram story viewer> @snowqueen6760> Posts
240
followers
353
following
ALone
POSTS STORIES REELS TAGGED
ကိုယ့်မျက်နှာမြင်ရင်တန်ပြုံးမဲ့သူမျိုးမတွေ့ရင်

ကိုယ့်ကိုယ်သာပိုချစ်ပီးဘဝကိုအေးအေးချမ်းချမ်း

လေးနဲ့တစ်ယောက်ထဲရှေ့ဆက်သွားပါ🫶🏻❤️🍀🦁

ဘဝမှာ လက်မထပ်ဖြစ်တော့ဘူးဆိုတာ သေချာသွား

ရင်ကော သင် ဝမ်းနည်းမိမှာလား...။

တကယ်တော့ ဘဝလက်တွဲဖော်ကို ရွေးချယ်တာ မှား

သွားရင် ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးရဲ့ ခြေလှမ်း

တိုင်းက အမှားတွေနဲ့ပဲ ပြည့်နှက်နေလိမ့်မယ်။ 

ဘယ်သူနဲ့မဆို လက်ထပ်လိုက်လို့ ရတာမျိုး 

မဟုတ်ဘူး။ ရလဒ်တွေက လုံးဝကို ကွဲပြားခြားနားပါ

တယ်။

လူတချို့က သင့်ဘဝထဲကို ဝင်ရောက်လာပြီး နွေး

ထွေးတဲ့ မီးအိမ်လေးလို အလင်းရောင်တွေ 

ဆောင်ကြဉ်းပေးတတ်ကြပေမဲ့၊ လူတချို့ကျတော့

လည်း သင့်ကို အလင်းပေးဖို့ နေနေသာသာ သင့်ဆီ

မှာ ရှိပြီးသား နဂိုအလင်းရောင်လေးကိုပါ မှေးမှိန်

ကွယ်ပျောက်သွားအောင် လုပ်ပစ်တတ်ကြတယ်။ ဒါ

ကြောင့်ပဲ ကိုယ့်ဘဝထဲကို အလင်းရောင်ပေးမယ့်သူ

မျိုးကို သေချာရွေးချယ်ဖို့ လိုအပ်တာပါ။

အိမ်ထောင်ဖက်တစ်ယောက်မှာ

အရေးကြီးဆုံးက ကိုယ်ချင်းစာစိတ် ရှိဖို့၊ တာဝန်ယူမှု၊ 

တာဝန်ခံမှု ရှိဖို့၊ စိတ်ထားဖြူစင်ဖို့နဲ့ ကောင်းမွန်တဲ့ 

မိသားစုအသိုင်းအဝိုင်းက ဖြစ်ဖို့ပါပဲ။

ဘဝဆိုတာ ဘတ်စ်ကားမှတ်တိုင်တစ်ခုနဲ့ တူတယ်။ 

မှတ်တိုင်တိုင်းမှာ မတူညီတဲ့ ရှုခင်းတွေ၊ မတူညီတဲ့ 

အမှတ်တရတွေနဲ့ မတူညီတဲ့ စိန်ခေါ်မှုတွေ ရှိကြတာ

ချည်းပါပဲ။ အသက်တစ်နှစ်ကြီးလာတိုင်းမှာလည်း မ

တူညီတဲ့ စိတ်ခံစားမှုတွေ ရှိလာတတ်စမြဲမို့....

ရွေးချယ်မှုတစ်ခု မှားသွားတာနဲ့ ဘဝဟာ အဆမတန် 

ပင်ပန်းသွားတတ်ပါတယ်။

ဒါကြောင့် မင်းကို တွေ့တာနဲ့ တန်းပြုံးတတ်တဲ့သူမျိုး

နဲ့သာ ဘဝခရီးကို အတူတူ လျှောက်လှမ်းပါ။ 

အကယ်၍ အဲဒီလိုလူမျိုးကို မတွေ့သေးဘူးဆို

ရင်တော့... မိမိကိုယ်ကိုသာ ပိုပြီး တန်ဖိုးထား

စောင့်ရှောက်ရင်း ပိုချစ်ယူပါနော်။

-နူးနူးအောင်

#စာသားcrd #fyp #viraltiktok #views #tiktok by @snowqueen6760
0
3 months ago
Download
ကိုယ့်ကိုယ်အချိန်အကြာကြီးပစ်ထားမိလို့

တောင်းပန်ပါတယ်ချောလေးရေ🫶🏻❤️🍀🦁

အခု ဒီစာကို ဖတ်နေရင်းနဲ့ ကိုယ့်ရင်ဘတ်ပေါ်မှာ 

လက်လေးတင်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုလေး 

ကြင်နာ၊ ငြင်သာစွာ တောင်းပန်ကြည့်ဖို့ ဖိတ်ခေါ်

ချင်ပါတယ်။

▪️ကိုယ်နဲ့ မထိုက်တန်တဲ့ နာကျင်မှုတွေကို လက်ခံခဲ့

မိတဲ့အတွက် တောင်းပန်ပါတယ်။

▪️ကိုယ့်ရဲ့ အချိန်နဲ့အင်အားတွေကို တခြားသူတွေ 

စိတ်ကျေနပ်ဖို့အတွက်ပဲ ပုံအောပေးခဲ့ပြီး ကိုယ့်

ကိုယ်ကိုယ် ဂရုစိုက်ဖို့ကျတော့ မေ့လျော့နေခဲ့မိလို့ 

တောင်းပန်ပါတယ်။

▪️ကိုယ့်ရဲ့ တန်ဖိုးကို တခြားသူတွေရဲ့ နှုတ်ထွက်

စကားတွေ၊ ဝေဖန်အကဲဖြတ်မှုတွေအပေါ်မှာပဲ 

အဆုံးအဖြတ်ပေးခွင့် ပြုခဲ့မိလို့ တောင်းပန်ပါတယ်။

▪️Boundaries စည်းတွေ မထားခဲ့ဘဲ ကိုယ့်ရဲ့ 

အေးချမ်းမှုကို အလွယ်တကူ အဖျက်ဆီးခံခဲ့မိလို့ 

တောင်းပန်ပါတယ်။

▪️ကိုယ့်ကို တဖြည်းဖြည်း လောင်မြိုက်စေတဲ့ 

အခြေအနေတွေကို မစွန့်လွှတ်နိုင်ဘဲ ဆွဲကိုင်ထားမိခဲ့

တဲ့အတွက်ရော၊ ကိုယ်နဲ့တကယ် ထိုက်တန်တဲ့ ပျော်

ရွှင်မှုကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ပါ 

ကိုယ့်ကိုယ်ကိုယ် တောင်းပန်ပါတယ်။

တကယ်တော့... ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်

အပေါ် သိပ်ပြီး ရက်စက်ခဲ့မိကြတာပဲနော်။

ဒါ့ကြောင့် ဒီနေ့ကစပြီး... ကိုယ်ဟာ ကိုယ့်ကိုယ်ကိုယ် 

ပြန်ထိခိုက်စေမယ့်သူ မဟုတ်တော့ဘူးလို့ 

ဆုံးဖြတ်ကြည့်ရအောင်။

တခြားသူတွေကို ပေးခဲ့ဖူးတဲ့ အနှိုင်းမဲ့ချစ်ခြင်း

မေတ္တာနဲ့ ဂရုစိုက်မှုမျိုးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည် 

ကုစားမယ်။ ကိုယ့်တန်ဖိုးကို အသိအမှတ်မပြုတဲ့ 

နေရာတွေ၊ ၊ ကိုယ့်ကို သေးသိမ်သွားအောင် လုပ်တဲ့ 

ဆက်ဆံရေးတွေကနေ အသာအယာ လှည့်ထွက်သွား

ဖို့ ကိုယ်တိုင် ရွေးချယ်မယ်။

ဒီနေ့မှာတော့... နှစ်ပေါင်းများစွာ ပင်ပန်းခဲ့ရတဲ့ 

ကိုယ့်ရဲ့ စိတ်လေးကို "အခုထိ ကြံ့ကြံ့ခံပေးခဲ့လို့ 

ကျေးဇူးတင်ပါတယ်" လို့ တိုးတိုးလေး ပြောရင်းနွေး

ထွေးမေတ္တာထားရှိနိုင်ပါစေရှင်။

Andrea#credit by @snowqueen6760
2
3 months ago
Download

Download All

Save the photos and videos currently loaded on this page.

0Photos
0Videos
Ready to download 0 / 0

Keep this tab open until your download is ready.

back to up